DEV Community

Aung Myat Moe
Aung Myat Moe

Posted on • Originally published at aungmyatmoe.me on

Avoid DDD to overwrap Laravel App

Laravel လို Structured ရှိပြီးသား Framework တွေမှာ DDD Apply ရတာနည်းနည်း Handy ဖြစ်တယ်။ Namespace သပ်သပ်ခွဲထုတ်တာထက်၊ Domain တွေက Application Layer Level ဖြစ်တာကြောင့် App Directory အောက်မှာဝင်ရေးတာပိုအဆင်ပြေတယ်။ Controller တွေကို Domain အနေနဲ့ထားတာမျိုးတော့သဘောမကျပါဘူး။ သူ့နေရာသူထားပြီးတော့ Domain Name အပေါ်ကနေ Folder အနေနဲ့ထပ်အုပ်ပေးတာက FDD ကို Promote လုပ်သလိုမျိုးဖြစ်သလို DDD ရဲ့ Feel ကိုလည်းအရသာမပျက်တော့ဘူးပေါ့။ ဒီနေရာမှာ DTOs လို၊ Context လိုကောင်တွေကိုသက်ဆိုင်ရာ Domain အောက်မှာပဲထားသင့်သလို၊ Models a.k.a Projections တွေကိုလည်း Domain အောက်မှာပဲထားဖို့လိုပါတယ်။ ကျန်တဲ့ migration လိုကောင်တွေကို Bloated Infrastructure အနေနဲ့ယူဆရင်လည်းအလုပ်ဖြစ်တာမို့ Folder တွေအောက်မှာခွဲထားပြီးတော့ရှိပြီးသား Laravel Structure ကိုမဖျက်ဘဲနဲ့ Boilerplate Code တွေကိုလျှော့ပြီးထည့်လို့ရပါတယ်။

Top comments (0)