DEV Community

Aung Myat Moe
Aung Myat Moe

Posted on • Originally published at aungmyatmoe.me on

Bootstrap vs. Tailwind CSS

Website တစ်ခုတည်ဆောက်တော့မယ်ဆိုရင် Web Page တွေလိုအပ်ပါတယ်။ ၎င်း Web page တွေကိုလည်း Web Dev တွေအနေနဲ့အလှဆင်ဖို့လိုပါမယ်။ Web Development ကိုလေ့လာတဲ့သူတိုင်းမသိမဖြစ်ဖြစ်တဲ့ HTML နဲ့ CSS ကိုအသုံးပြုပြီးအလှဆင်ကြပါတယ်။ နောက်ကြတော့ Productivity ဖြစ်စေဖို့ရန် အသင့်သုံးလို့ ရတဲ့ CSS Framwork တွေကိုအသုံးပြုကြပါတယ်။ CSS Framwork တွေထဲမှာမှ လူသုံးအများဆုံးထြစ်တဲ့ Bootstrap နဲ့ ခုမှ Trend တာမကြာသေးတဲ့ Tailwind css တို့ရဲ့ Pros and Cons တွေကိုယှဉ်ပြမှာဖြစ်ပါတယ်။ Twitter Bootstrap Bootstrap သည် CSS Framwork တွေထဲမှာ ထိပ်ဆုံးမှာရပ်တည်နေပြီးတော့လူသုံးအများဆုံး Framwork ဖြစ်ပါတယ်။ သူ့ရဲ့ methodology က OOCSS ( Object Oriented CSS) ဖြစ်ပါတယ်။ OOCSS ကိုအောက်ပါအတိုင်းApply လုပ်ပါတယ်။ What is CSS Object? CSS object ဆိုတာအခြေခံအားဖြင့် Visual patterns တွေ repeat တဲ့ pattern‌‌ေတွဖြစ်ပါတယ်။ ၎င်း patterns တွေသည် independent html,css,Js snippet တွေကို abstract လုပ်နိုင်ပါတယ်။ ၎င်းကို CSS Object လို့ခေါ်ပြီးတော့ သူတို့က Reusable ဖြစ်ပြီးတော့ Site တစ်ခုလုံးမှာသုံးနိုင်ပါတယ်။ OOCSS မှာ Main Principle နှစ်ခုရှိတယ်။ 1.Separate structure and skin Border, background တွေကို skin အဖြစ်ခွဲခြားလိုက်ပြီးတော့ ၎င်း skin က ‌တစ်ခြား Object တွေမှာလည်း ပြန်ပြီးတော့ သုံးနိုင်ပါတယ်။ ဉပမာ

#button {
width: 200px;
height: 50px;
padding: 10px;
border: solid 1px #ccc;
background: linear-gradient(#ccc, #222);
box-shadow: rgba(0, 0, 0, .5) 2px 2px 5px;
}
#box {
width: 400px;
overflow: hidden;
border: solid 1px #ccc;
background: linear-gradient(#ccc, #222);
box-shadow: rgba(0, 0, 0, .5) 2px 2px 5px;
}
#widget {
width: 500px;
min-height: 200px;
overflow: auto;
border: solid 1px #ccc;
background: linear-gradient(#ccc, #222);
box-shadow: rgba(0, 0, 0, .5) 2px 2px 5px;
}

Enter fullscreen mode Exit fullscreen mode

ခု example မှာဆိုရင် background တွေwidth တွေ box shadow ကထပ်ခါထပ်ခါရေးထားရတယ်။ ပြီးတော့ id နဲ့ပဲ select ထားတဲ့အတွက် နောက် တစ်ခါထပ်ပြီး override လုပ်ခွင့်မရှိဘူး ဒီ့အတွက် Principle 1 သုံးပြီးတော့ Skin နဲ့wigetတွေကိုခွဲထုတ်လိုက်ပါတယ်။

.button {
width: 200px;
height: 50px;
}
.box {
width: 400px;
overflow: hidden;
}
.widget {
width: 500px;
min-height: 200px;
overflow: auto;
}
.skin {
border: solid 1px #ccc;
background: linear-gradient(#ccc, #222);
box-shadow: rgba(0, 0, 0, .5) 2px 2px 5px;
}

Enter fullscreen mode Exit fullscreen mode

တစ်ခုဆီခွဲထုတ်လိုက်တဲ့အပြင် class အဖြသ်သတ်မီတ်ပေးထားတဲ့အတွက် override ပြန်လုပ်ခွင့်ရှိပါတယ်။ example of override:

id="unique override" (Wrong)
class="btn btn-primary" (Override)

Enter fullscreen mode Exit fullscreen mode

Class မှာတော့ override လိုရမှာဖြစ်လို့ class အဖြစ်ထားတာဖြစ်တယ်။ OOCSS ကတော့ class ပဲသုံးရမယ်လို့မပြောထားဘူး။ သို့သော် class နဲ့သာသင့်လျော်လို့class ကိုသုံးရခြင်းဖြစ်တယ်။

2.Separate container and content

Container block တွေနဲ့. Content တွေကိုသပ်သပ်ခွဲထားကမှာဖြစ်တယ်။

#footer h3 {
font-family: Arial, Helvetica, sans-serif;
font-size: 1.5em;
line-height: 1;
color: #777;
text-shadow: rgba(0, 0, 0, .3) 2px 2px 4px;
}

Enter fullscreen mode Exit fullscreen mode

အထက်ပါ ဥပမာမှာဆိုရင် footer ထဲမှာရှိတဲ့. h3 tag ကို style တွေ apply ထားတာကိုတွေ့ရမှာပါ။ Descending လုပ်ထားတဲ့အတွက် individual tag တွေပဲသုံးလို့ရမှာဖြစ်တဲ့အတွက် reusable မဖုသ်ပါဘူး။ ဒီ့အတွက်အောက်ပါအတိုင်းအသုံးပြရပါတယ်။

.w-100{
width:100%;
position:relative;
overflow:hidden;
}
.h3{
font-size:150% ;
/* This font size should declared at body selector */
font-weight:300;
}

Enter fullscreen mode Exit fullscreen mode

ခုလိုပြန်ကြေညာလိုက်ရင် h3 class ကိုဘယ်နေရာမှာသုံးသုံးအဆင်ပြေမှာဖြစ်သလို w-100 class ကလည်းနေရာတစ်ကာမှခေါ်သုံးလို့ရမှာဖြစ်တယ်။ Bootstrap example:

<footer class="w-100">
<h1 class="display-1">Hello From OCSS</h1>
</footer>

Enter fullscreen mode Exit fullscreen mode

ခု OOCSS ကိုအနည်းငယ်ဖော်ပြရခြင်းမှာ နှိုင်းယှဉ်တဲ့အခါပိုပြီးလွယ်ကူစွာနားလာ်ဖို့ဖြစ်တယ်။ OOCSS အရ Bootstrap ကိုဖွဲ့စည်းတည်တောက်ထားတာဖြစ်တယ်။ ဒီ့အတွက်

<button class="btn btn-primary">Btn</button>

Enter fullscreen mode Exit fullscreen mode

ဆိုပြီးတော့အလွယ်သုံးနိုင်တာဖြစ်တယ်။ Tailwind css သည် utility css ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘာသာcss အတွက် class name တွေခေါင်းစားခံပြီးရေးစရာမလိုတော့ဘူး။ သူတို့ရေးပြီးသားကိုပဲပြန်ပြီးတော့ ပြင်သုံးလို့ရမယ်လို့ပြောထားတယ်။ [Ref Link: https://tailwindcss.com/ https://tailwindcss.com/docs/utility-first ] ကျွန်တော်တို့က stylesheet ကိုကိုယ့်ဘာသာရေးစရာမလိုတော့ဘူး။ သို့သော် utility class တွေဖြစ်တဲ့အတွက် သူတို့ရဲ့class ကို ထပ်ခါထပ်ခါ repeat လုပ်သုံးနေရမှာပါပဲ။ example:

<button class="bg-green-400 p-1">Tailwind Button</button>

Enter fullscreen mode Exit fullscreen mode

Background class နဲ့ padding class ကိုနောက် button ရေးရင်လည်းထပ်သုံးရမှာပါပဲ။ Stylesheet။ မရေးပေမဲ့ class name တွေကိုတော့ပြန်ရေးရတာဖြစ်တယ်။

Pros and Cons

Bootstrap

Pros: အသုံးပြုရလွယ်ကူ မြန်ဆန်တယ် CDN link နဲ့တန်းချိတ်သုံးလို့ရတယ်။ Sass or Less နဲ့ Modified လို့ရတယ် Special Components တွေအသင့်သုံးလို့ရတယ် (eg.Modal, Collapse Box) Community strong ဖြစ်တယ် Greate Grid System Cons: components တွေကိုအစီတကျသတ်မှတ်ထားသလိုရေးမှရမယ်။ File Size အနည်းငယ်ကြီးတယ် Js plugin ပါလို့။ (At BS5 jQuery removed) Customize ဖို့ Features နည်းတယ်။ Site တွေရဲ့ Visual ဆင်တူနေမယ်။ Tailwind: Pros: File Size သေးတယ်။ (CSS ပဲပါတာမို့လို့ပါ။) Customize နိုင်တယ်။ ကိုယ်ပိုင် Framwork တစ်ခုပြန်ရေးနိုင်တယ်။ Custom Components တွေပြန် Compile ပေးတဲ့ Feature ရှိတယ်။ ( I love this one👀) Cons: 1.Normal Case ကအစ Plug-in ထည့်နေရတယ်။ (suck) eg.heading tag တွေအကုန်ညီနေတာမျိုး။ 2.ကိုယ်ပိုင် Grid System မပါ။ 3. Productivity မဖြစ်။ ( Components တွေကိုယ့်ဘာသာတည်‌‌ေဆာက်ထားမှရပါမယ်။ မတည်ဆောက်ခင်အခြေအနေကိုယှဉ်ပြထားတာဖြစ်ပါတယ်။) 4. CDN ချိတ်လို့ရသော်လည်း CDN နဲ့သာ Class တွေခေါ်သုံးနေရရင်အချိန်ကုန်တယ်။ (suck) 5. Special Components တွေမပါ။ (eg.modal) Code Example Bootstrap-5

<button class="btn btn-outline-primary">Bootstrap</button>

Enter fullscreen mode Exit fullscreen mode

Button ကောင်းကောင်းတစ်ခုကိုအလျင်အမြန်တည်ဆောက်ပြီးပါပြီ။ထို့ပြင် Hover feature တွေလည်းပါပြီးသားဖြစ်တယ်။

Tailwind CSS

<button class="bg-green-400 p-1 focus:ring-2 focus:bg-green-600 focus:ring-green-600 focus:ring-opacity-50 focus:outline-none focus:ring-offset-2 rounded text-white font-serif font-bold float-right clear-both mb-2">
Tailwind Button
</button>

Enter fullscreen mode Exit fullscreen mode

Hover effect ပါပါအောင် တော်တော်လေးရေးရပါတယ်။ ခုလိုမရေးချင်ရင် Component အဖြစ်ပြန် apply ပေးလို့ရပါတယ်။ (CDN မှာတော့မရပါဘူး။)

//tailwind.css
@tailwind base;
@tailwind components;
@tailwind utilities;
.btn{
@apply bg-green-400 p-1 focus:ring-2 focus:bg-green-600 focus:ring-green-600 focus:ring-opacity-50 focus:outline-none focus:ring-offset-2 rounded text-white font-serif font-bold float-right clear-both mb-2;
}

Enter fullscreen mode Exit fullscreen mode

အထက်ပါ Code ကို Build ပေးတဲ့အခါ

<button class="btn">Tailwind</button>
လို့ခေါ်သုံးလို့ရမယ်။ ဒါလေးတော့ကောင်းတာပေါ့။ သို့သော် တကယ့် Project ကြီးရေးတော့မယ်ဆိုရင် မိမိဘာသာရေးထားတဲ့ Components တွေကိုပါရေးထားမှအသုံးပြုနိုင်မှာဖြစ်တယ်။
Summary
Bootstrap ကမြန်မြန်ဆန်ဆန်သုံးလို့ရတယ်။ Website တစ်ခုအသာလေးရေးနိုင်တယ်။သပ်ရပ်တယ်။
Tailwind ကြတော့ Class name တွေရေးရမယ်ထပ်ခါထပ်ခါ။ ( မရေးချင်ရင်အစကတည်းက Components တွေရေးထား ၊သူများဟာသုံးချင်ရင်လည်းသုံးပေါ့ 2017 ကတည်းကဆိုတော့ရှိပါတယ်ရှာကြည့်ပါ။) Tailwind ရှိတော့ကိုယ့်ဘာသာ CSS stylesheet မရေးရတော့ပဲ Tailwind သုံးပြီး ရေးထားလို့ရတယ်။ CSS ကိုကျွမ်းထားဖို့တော့လိုမယ်။ Framwork ဖြစ်ပေမဲ့အသင့်သုံးမရပါဘူး။
My Opinion
Bootstrap ခူးပြီးခပ်ပြီးသားထမင်းပွဲနဲ့တူတယ်။
Tailwind ရတ်ပြီးသားစပါးပင်အဆင့်ပဲရှိတယ်။ ကိုယ့်ဘာသာ ပြုပြင်ပြောင်းလည်းပေးမှသာ ‌ကောင်းမွန်တဲ့ ဆန်ကောင်းသို့မဟုတ် စကွဲတွေထွက်မှာဖြစ်တယ်။
Productivity
Bootstrap သုံးပြီးခဏအတွင်း‌ Web Page တစ်ခုရမယ်။
Tailwind ကိုယ့်ဘာသာ Components တွေရေးထားတာရှရင်တော့ရမယ်။ မဟုတ်ရင်တော့ မရပါဘူး။ကိုယ့်ဘုသာရေးထားတဲ့CSSလိုပဲအချိန်ကြာပါမယ်။ (အဲ့တော့ Components တွေကြိုရေး‌ထားပေါ့။မရေးချင်ရင်ဝယ်သုံး။ <`- I don't do that👀)
ဘယ်ဟာသုံးသင့်တယ်ဆိုရင် Bootstrap ပဲကျွန်တော်က Prefer ဖြစ်တယ်။ Tailwind ကိုတော့ ကိုယ့် ရဲ့Personal site ရေးမှပဲသုံးဖြစ်မှာပါ။အချိန်ကြာလို့။
ကိုယ့် taste နဲ့ကိုယ်ဆိုပေမဲ့ Tailwind လည်းစမ်းသုံးကြည့်ပါ။ ဘယ်ဟာက ပိုလွယ်လဲတွေ့လာရပါမယ်။
ခုခေတ်မှာက Content is king မဟုတ်တော့ပါဘူး။ Speed is king ဖြစ်ပါတယ်။ကိုယ်ကြိုက်တာကို‌သုံးနိုင်ပါတယ်။နောက် Article မှာထပ်တွေ့ပါမယ်။

Enter fullscreen mode Exit fullscreen mode

Top comments (0)