DEV Community

Zaw Htut Win
Zaw Htut Win

Posted on • Updated on

Full Stack Development with Spring Boot and React (အခန်း ၁)

Environment နှင့် tool များကို Setup လုပ်ခြင်း(Backend)

ဒီအခန်းမှာ အောက်ပါ topic များကို ကြည့်သွားမှာပါ။

  • Eclipse install လုပ်ခြင်း
  • Maven အကြောင်း
  • Spring Initializer ကို အသုံးပြုခြင်း

Eclipse ကို install လုပ်ခြင်း

https://www.eclipse.org/downloads/packages/ ကိုသွားပြီး
"Eclipse IDE for Enterprise Java and Web Developers"
ကို download လုပ်ပါ။

Image description

ပြီးရင် JDK 11 ကို download လုပ်ပြီး install လုပ်ပါ။
https://www.oracle.com/java/technologies/javase/jdk11-archive-downloads.html

Image description

ပြီးရင် Environment Variable က PATH မှာ JDK 11 ရဲ့ bin folder path ကိုထည့်ပါ။ များသောအားဖြင့် C:\Program Files\Java ထဲမှာရှိပါတယ်။

JAVA_HOME ဆိုတဲ့ Environment ကို အသစ်ထည့်ပြီး JDK 11 ရဲ့ root folder path ကိုထည့်ပါ။

Maven အကြောင်း

Maven ဆိုတာ package manager ဖြစ်ပါတယ်။ Maven zip file ကို download လုပ်ပါ။

ပြီးရင် extract လုပ်ပြီး Environment Variable က Path မှာ maven.exe ရှိတဲ့ folder ကို ထည့်ပါ။

cmd ကို ဖွင့်ပါ။

mvn -v

configuration တွေမှန်ခဲ့ရင် maven က JDK 11 ကို သုံးနေမှာ ဖြစ်ပြီး အောက်ပါ output ထွက်လာပါလိမ့်မယ်။

Image description

Spring Initializr ကိုသုံးခြင်း

ပရောဂျက်ကို အစအဆုံး configure လုပ်စရာမလိုပဲ Spring Initializr ကို သုံးနိုင်ပါတယ်။ အောက်ပါအတိုင်း Spring Initializr ကို ရွေးပေးထားပါ

Image description

ပြီးရင် Dependencies နှစ်ခုထည့်ပါမယ်။ Add Dependencies ကိုနှိပ်ပြီး ရွေးပါ။

Image description

ဒါပြီးရင်တော့ Eclipse ကို Run ပါ။
File -> Import -> Existing Maven Project ကို ရွေးပြီး Spring Initializr က ရလာတဲ့ project folder ကို ရွေးပေးလိုက်ပါ

Image description

DemoApplication.java ဆိုတဲ့ file မှာ main method ပါနေတာကိုတွေ့ရပါလိမ့်မယ်။

package com.packt.demo;


import org.springframework.boot.SpringApplication;
import org.springframework.boot.autoconfigure.SpringBootApplication;

@SpringBootApplication
public class DemoApplication {
    public static void main(String[] args) {
        SpringApplication.run(DemoApplication.class, args);
    }

}
Enter fullscreen mode Exit fullscreen mode

ဒီနေရာမှာ @SpringBootApplication ဆိုတဲ့ annotation ကို တွေ့ရမယ်။ ဒီ annotation ဟာ annotation သုံးခုကို တစ်ခုတည်းပေါင်းခေါ်ထားတာပါ။

@EnableAutoConfiguration (dependencies တွေပေါ်မှာမူတည်ပြီး auto configure လုပ်ပေးနိုင်တယ်။)
@ComponentScan (project ထဲမှာရှိတဲ့ component တွေအကုန် scan လုပ်နိုင်တယ်။)
@Configure (ဒီclass ကို bean definition အဖြစ်သုံးနိုင်တယ်)

@SpringBootApplication သုံးလိုက်ရင် အဲဒီ annotation သုံးခုစလုံးကိုခေါ်ပြီးသားဖြစ်သွားပါတယ်။

Spring Boot ကို server အနေနဲ့ run ချင်ရင် DemoApplication.java ကို Right Click နှိပ်ပြီး Run As -> Java Application လို့ ရွေးလိုက်ရုံနဲ့ localhost:8080 မှာ run နေမှာဖြစ်ပါတယ်။

Image description

Image description

-
အခန်း(၁) ပြီး

Oldest comments (1)

Collapse
 
lyutsifersaffin profile image
Xarnihtumm

ဆက်ရေးပေးပါအုံး တကယ်အသုံးဝင်ပါတယ်