DEV Community

Arkar Min Tun
Arkar Min Tun

Posted on

Unity UI System ဆိုတာဘာလဲ

အခုတခါမှာတော့ Unity မှာ User Interface (UI) ကို ဘယ်လိုဆောက်သလဲ ကြည့်ရအောင်။

UI တစ်ခုဆောက်တော့မယ်ဆို အရင်ဆုံး Canvas တခုလိုအပ်တယ်။ ပုံဆွဲသလိုပဲပေါ့။ Canvas ပေါ်မှာ ကိုယ်လိုချင်တာတွေကို တခုပြီးတခု ဆွဲသွားရတာ။ တကယ်လို့ Button ဖြစ်စေ၊ Text ဖြစ်စေ UI Component တခုခုက Canvas ရဲ့ child အနေနဲ့ ရှိမနေရင် UI ပေါ်မှာ ပေါ်လာမှာ မဟုတ်ပါဘူး။

UI Components

စစချင်း Unity ကိုလုပ်မယ့်သူတွေအတွက်ဆို UI အောက်မှာပါတဲ့ Text တို့၊ Button တို့၊ Dropdown တို့၊ TextInput တို့မှာ နှစ်ခုစီဖြစ်နေတာ နည်းနည်း confusing ဖြစ်တတ်တယ်။ ဘယ်နေရာမှာ ဘယ်ဟာသုံးမလဲပေါ့။

UI Component Tree

နောက်မှာ ဘာမှမပါတဲ့ Text တို့၊ Button တို့ဆိုတာ အရင်ထဲကပါတဲ့ဟာတွေဖြစ်ပြီး TextMeshPro ဆိုတဲ့စာပါတာတွေက နောက်ပိုင်းမှာ အသစ်ထည့်လိုက်တဲ့ဟာတွေပါ။ ဘာကွာသလဲဆိုတော့ TextMeshPro ပါတဲ့ Components တွေကပိုပြီး Customize လုပ်လို့ရလာတယ်၊ Screen မှာပေါ်တဲ့အခါလဲ ဝါးတာမှုန်တာတွေ မဖြစ်အောင် ပိုပြီး လုပ်ရလွယ်သွားတယ်။

UI အောက်မှာ ပါတဲ့ Component တွေကို အကြမ်းဖျင်း ကြည့်ကြည့်ရအောင်...

  • Text

စာတွေဖော်ပြချင်တဲ့အခါသုံးတယ်။

  • Text - TextMeshPro

စာတွေဖော်ပြချင်တဲ့အခါသုံးတယ်။ ရိုးရိုး Text ထက်ပိုပြီး Customize လုပ်လို့ရတယ်။

  • Image

Sprite ပုံတွေ ပြချင်တဲ့အခါသုံးတယ်။ ပြတဲ့အခါ ပုံစံအမျိုးမျိုး လိုအပ်သလို customize လုပ်လို့ရတယ်။

  • RawImage

Texture ပုံတွေ ပြချင်တဲ့အခါသုံးတယ်။

  • Button

User နှိပ်ဖို့ Button တွေအတွက်သုံးတယ်။

  • Button - TextMeshPro

Button မှာပေါ်တဲ့စာကို ပိုပြီး Customize လုပ်နိုင်တယ်။

  • Toggle

On/Off အနေနဲ့ သတ်မှတ်တာတွေ လုပ်ချင်တဲ့အခါသုံးတယ်။

  • Slider

Value တွေကို Maximum နဲ့ Minimum နှစ်ခုကြားမှာ ရွေးစေချင်တဲ့အခါ သုံးတယ်။

  • Scrollbar

တခုထဲသုံးတာထက် ScrollView ထဲမှာ ထည့်သုံးလေ့ရှိတယ်။ ဘယ်ညာ အပေါ်အောက် Scroll လုပ်တာလုပ်ဖို့သုံးတယ်။

  • Dropdown

နာမည်မှာပြထားတဲ့အတိုင်းပဲ User တွေကို ရွေးချယ်ဖို့ Option တွေပြချင်တဲ့အခါသုံးတယ်။

  • Dropdown - TextMeshPro

နာမည်မှာပြထားတဲ့အတိုင်းပဲ User တွေကို ရွေးချယ်ဖို့ Option တွေပြချင်တဲ့အခါသုံးတယ်။

  • InputField

User ဆီက နာမည်တို့၊ emailတို့ စသဖြင့် သူတို့ကို ရိုက်ထည့်စေချင်တဲ့အခါ သုံးတယ်။

  • InputField - TextMeshPro

User ဆီက နာမည်တို့၊ emailတို့ စသဖြင့် သူတို့ကို ရိုက်ထည့်စေချင်တဲ့အခါ သုံးတယ်။

  • Canvas

UI Components တွေပြဖို့ မရှိမဖြစ်လိုအပ်တဲ့ Component တခုဖြစ်တယ်။

  • Panel

UI Components တွေကို သပ်သပ်စီ စုထားချင်တဲ့အခါ သုံးတယ်။​ ဥပမာ Button တခုကိုနှိပ်လိုက်ရင် alert box တပ်လာသလိုပေါ့။

  • ScrollView

Contents ပြစရာများတဲ့အခါ Scroll လို့ရတဲ့ View တခုအနေနဲ့ ပြချင်တဲ့အခါသုံးတယ်။

  • EventSystem

UI တွေကို နှိပ်လို့ ရွှေ့လို့ရအောင်လုပ်ဖို့ နောက်ကွယ်ကနေ handle လုပ်ပေးနေတဲ့ EventSystem ဖြစ်တယ်။

Top comments (0)