DEV Community

Arkar Min Tun
Arkar Min Tun

Posted on

Unity ဖြင့် Game Development စတင်ခြင်း

Installation

Unity Game Development စလုပ်တော့မယ်ဆို ပထမဆုံး Unity Engine ကို သွင်းထားဖို့ လိုပါလိမ့်မယ်။ Unity Engine ကို Download ဆွဲဖို့အတွက် Link ကိုသွားပါ။

Unity Home Page

Unity Home Page က မကြာခဏ Design ပြောင်းတာဖြစ်တဲ့အတွက် အခုပြထားတဲ့ပုံ မဟုတ်တော့တာလဲ ဖြစ်နိုင်ပါတယ်။

ညာဘက် အပေါ်ဒေါင့်မှာ ရှိတဲ့ Profile ပုံကိုနှိပ်ပြီး Create a Unity ID ကိုရွေးပြီး Account အသစ် Create လုပ်ပါ။ အခုမလုပ်လဲ Unity Hub သွင်းပြီးရင် လုပ်ရမှာဖြစ်တဲ့အတွက် အခုတခါထဲ လုပ်ထားလိုက်ပါ။

Account Create လုပ်ပြီး Login လုပ်ပြီးသွားတဲ့အခါ Get Start ကိုနှိပ်ပါ။ အခုဖော်ပြထားတဲ့ Page ကိုရောက်သွားပါလိမ့်မယ်။

Unity Get Start Page

တစ်ကိုယ်ရည်သုံးမှာဖြစ်တဲ့အတွက် Individual Tab ကိုရွေးလိုက်ပြီး Free ကိုနှိပ်လိုက်ပါ။ အကယ်၍ကိုယ့်မှာ team ရှိပြီး Commercially အရ သတ်မှတ်ချက်ပြည့်မှီရင် Plus License, Pro License စသဖြင့် ဝယ်ပြီး သုံးရမှာ ဖြစ်ပါတယ်။

Unity License Page

ကိုယ်က Unity ကိုအရင်ကသုံးဖူးလားမေးတာဖြစ်ပါတယ်။ ဘယ် Option ရွေးရွေး Unity Hub Installer ကို Download လုပ်လို့ရမှာဖြစ်ပါတယ်။

Unity Download Page

Unity Download Alert

Unity Hub ဆိုတာ Unity Engine Version တွေကို အလွယ်တကူ စီမံနိုင်ဖို့၊ လေ့လာလို့ရမယ့် resource တွေကို တစုတစည်းထဲ ကြည့်လို့ရအောင် စုထားပေးဖို့၊ ကိုယ့် project တွေကို အလွယ်တကူ တနေရာထဲမှာ ကြည့်လို့ရအောင် လုပ်ထားပေးတာပဲ ဖြစ်ပါတယ်။ ဒါမရှိခင် အရင်ကဆို Unity Project တွေ စက်ထဲမှာ ပြန့်ကျဲနေပြီး project တွေဖွင့်တဲအခါလဲ အဆင်မပြေ အရမ်းဖြစ်ခဲ့ရတယ်။

Installation ပြီးတဲ့အခါ Unity Hub ကိုဖွင့်လိုက်ပါ။ ရှေ့မှာ create လုပ်ထားတဲ့ Account နဲ့ login ဝင်လိုက်ပါ။ ပြီးရင် Profile Icon ဘေးက Gear Icon ကိုနှိပ်ပြီး License Management ကို နှိပ်လိုက်ပါ။ Free သုံးရင်တောင် Unity Personal License ရှိမှ အဆင်ပြေမှာဖြစ်တဲ့အတွက် License ကို activate လုပ်လိုက်ပါ။

Unity License Activation 1

Unity License Activation 2

Unity License Activation 2

License Activation ပြီးပြီဆိုရင် ရှေ့ကို ပြန်သွားပြီး Unity မှာ ပါတဲ့ Tab တွေကို ကြည့်ရအောင်။

  • Projects - လက်ရှိ ကိုယ်လုပ်နေတဲ့ Projects တွေကို တစုတစည်းထဲ ကြည့်ဖို့
  • Learn - Unity လေ့လာရာမှာ လွယ်ကူအောင် လုပ်ထားပေးတဲ့ Sample Projects တွေကြည့်ဖို့
  • Install - မတူညီတဲ့ Unity Engine Version တွေကို အလွယ်တကူ Install/Uninstall လုပ်နိုင်ဖို့

Unity ရဲ့ Development Cycle ကိုပြောရမယ်ဆို သူ့မှာ Alpha, Beta, Final နဲ့ LTS (Long Term Support) ဆိုပြီး ခွဲကြည့်လို့ရပါတယ်။ နှစ်အလိုက်ထုတ်တဲ့ Version တွေကို ခွဲခြားသိနိုင်ဖို့ ခုနှစ်ကို ရှေ့ဆုံးမှာ ထည့်ထားလေ့ရှိတယ်။ ဥပမာ - 2020.1.0a17 ဆိုရင် 2020 Unity Version ရဲ့ ပထမဆုံး ဖြစ်မယ့် 1.0 ကို alpha version အနေနဲ့ 17 ကြိမ်မြောက်ထုတ်ထားတာပဲ ဖြစ်ပါတယ်။

Unity Versions

Unity 2019.3 မှာတော့ Unity က UI System တခုလုံးကို ပြန်လည်ပြင်ဆင်ထားတာဖြစ်တဲ့အတွက် အရင် Unity Version တွေနဲ့မတူတော့ပါဘူး။ ပြီးတော့ ပြောင်းလဲမှုတွေလဲ များစွာ ပြုလုပ်ထားတာဖြစ်တဲ့အတွက် ယခုလက်ရှိမှာတော့ Final Version ထွက်ပေမယ့် Bug အနည်းနဲ့အများ ရှိသေးတာဖြစ်တဲ့အတွက် 2019.3 မတိုင်ခင် ထွက်တဲ့ 2019.2 နောက်ဆုံး Version ကိုသွင်းလိုက်ပါမယ်။ အကယ်၍ပိုပြီး stable ဖြစ်တဲ့ version သုံးချင်ရင်တော့ LTS Version တွေသုံးနိုင်ပါတယ်။ တခြား Unity Version တွေတခုပြီးတခု အသစ်ထွက်ရင်တောင် LTS Version ကိုတော့ Unity က ၂နှစ်တိတိ support ပေးပါတယ်။

Unity Engine သွင်းတဲ့အခါ အောက်မှာပြထားသလို panel ပေါ်လာတဲ့အခါ အကုန်လုံး လိုက်သွင်းဖို့ မလိုပါဘူး။ ကိုယ်က Android အတွက် Application လုပ်မယ်ဆို Android နဲ့ဆိုင်တဲ့ Module တွေပဲ သွင်းပေးဖို့လိုပါမယ်။ အကယ်၍ ကိုယ်က iOS အတွက်လုပ်မယ်ဆို iOS Module သွင်းဖို့လိုပါမယ်။ Unity Engine နဲ့လုပ်ထားတဲ့ app တွေကို Android, iOS စတဲ့ platform မျိုးစုံမှာ Run လို့ရပါတယ်။

Unity Module Installation

Android Module သွင်းတဲ့အခါ သတိပြုဖို့ တချက်က Android Build Support ကို Check လုပ်ထားရင်တောင် သူ့အောက်မှာရှိတဲ့ Android JDK & NDK Tools နဲ့ OpenJDK တို့ကို Check လုပ်ထားတာ ဖြစ်မှာမဟုတ်ပါဘူး။ Expand လုပ်ပြီး manually check လုပ်ပေးမှ Install လုပ်တဲ့အချိန် ပါလာမှာဖြစ်ပါတယ်။

Installation လုပ်တဲ့အချိိန်ဟာ Connection ပေါ်မူတည်ပြီး နှေးတာမြန်တာ ရှိသလို အကယ်၍ down နေတုန်း လိုင်းပြတ်သွားခဲ့ရင် သွင်းတာတွေအကုန် အစကပြန်စမှာဖြစ်တဲ့အတွက် တခုချင်းဆီ သွင်းသွားတာက ပိုပြီး စိတ်ချရပါတယ်။ အကယ်၍ လိုင်းပြတ်သွားခဲ့ရင်တောင် အစက ပြန်ပြီး သွင်းစရာလိုမှာ မဟုတ်တော့ဘူးပေါ့။

Unity Version တခု Install လုပ်ပြီးရင်တော့ Unity Development စတင်လို့ရပါပြီ။

Top comments (0)